(၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သတင်းနှင့်ပြန်ကြားဆက်သွယ်ရေးပြခန်း ဖွင့်လှစ်ပြသ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ ချင်းရွှေပြည်ခန်းမတွင် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က မြို့နယ်အဆင့်အနေဖြင့် ကျင်းပပြုလုပ်သော (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်း အနားတွင် တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှ သတင်းနှင့်ပြန်ကြားဆက်သွယ်ရေးပြခန်း ဖွင့်လှစ် ပြသခဲ့ပါသည်။

ပြခန်းတွင် လူထုဗဟိုပြုစီမံကိန်းနှင့်သက်ဆိုင်သော ပိုစတာများ၊ ဓါတ်ပုံမှတ်တမ်းများ၊ လက်ကမ်းစာစောင်များ၊ ကဗျာများနှင့် စီမံကိန်းမှ ဖြန့်ဝေသော IEC ပစ္စည်းများအား ခင်းကျင်းပြသခဲ့ပါသည်။

ပြခန်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ တွန်းဇံမြို့ပေါ်နေ ပြည်သူလူထုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ကျေးရွာ၊ ကျေးရွာအုပ်စုများမှ တက်ရောက်လာကြသော ပြည်သူလူထုများ အနေဖြင့် လူထုဗဟိုပြုစီမံကိန်းအကြောင်းကို ပိုမိုသိရှိစေရန်နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်မှုအား ပိုမိုကောင်းမွန်လာစေရေးတို့ဖြစ်ပါသည်။

ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာကြသော လူထုများကို စီမံကိန်းနှင့်သက်ဆိုင်သောမေးခွန်းများ မေးမြန်းကာ အဖြေမှန်ဖြေဆိုနိုင်သူများကို လက်ဆောင်ပစ္စည်းအနေဖြင့် စီမံကိန်းတံဆိပ်ပါ ဘောပင်၊ မိုးကာအင်္ကျီနှင့်ဦးထုပ်များကို ပေးအပ်ခဲ့ကြပါသည်။