မွန်စုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ

 ၂၇ ဒီဇင်ဘာ ၂၀၂၀

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း နဘူးနှစ်ခြားကျေးရွာအုပ်စု မွန်စုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာကော်မတီဝင်များ ဉီးဆောင်၍ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ မှ ကျားမရေးရာတာဝန်ခံ စောကစ်ဆင်ဂျာလင်း၊ လက်ထောက်ဝယ်ယူရေးတာဝန်ခံ ဒေါ်အေးသူလွှင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဉီးမြင့်ကျော်၊ ကျေးရွာ ဥက္ကဌ ဉီးနိုင်တင်လှတို့မှ အမွှေးနံ့သာများ ပတ်ဖြန်း၍ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းမှာ စီမံကိန်းရန်ပုံငွေကျပ် (၂၀၃) သိန်းနှင့် လူထုထည့်ဝင်ငွေကျပ် (၇၆)သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာအားဖြင့် အရှည် ၂၀၂၀ ပေ x အကျယ် ၁၂ ပေ နှင့် အထူ ၆ လက်မ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုလမ်းဖြစ်မြောက်ရေး နည်းပညာအကူအညီများအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက် နည်းပညာမှူး ဒေါ် နန်းနွယ်ဇင်ဉီး၊ လူထုစည်းရုံး​ရေးမှူး နော်ချယ်ရီဉီး ​တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဉီးစီးဌာန နှင့် မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် မွန်စုကျေးရွာမှ အိမ်​ထောင်စု(၈၈)စု လူဉီး​ရေ (၅၆၄)ဉီးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးလျက် ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများအတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီဖြစ်ကြောင်းသိရပါသည်။