ကြံခင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း (၄)နှစ်စာကျေးရွာဖိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြေင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ကြံခင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ DRD (Counter Part)  များနှင့်နည်းပညာအကြံပေးအဖွဲ့များမှ (၄)နှစ်တာကာလအတွင်း စီမံကိန်းဆောင်ရွက်ခဲ့သော ကျေးရွာအုပ်စု (၃၀)အုပ်စု၊ ကျေးရွာပေါင်း (၂၅၆)ရွာသို့ (၁၃.၁၁.၂၀၁၉) ရက်နေ့မှ (၂၂.၁၁.၂၀၁၉) ရက်နေ့ အထိအဖွဲ့ (၂)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ကြပါသည်။

   အဆိုပါကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများအားလုံး၏ သက်ဆိုင်ရာ ကဏ္ဍအလိုက်ဖိုင်စာရင်းများ စနစ်တကျထားရှိမှု၊ ပြည့်စုံစွာဖြည့်သွင်းထားရှိမှု ရှိ/မရှိနှင့်ဆောင်ရွက်ပြီးသော စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့စေရန် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေ ကောက်ခံထားရှိရန် အခြေ အနေများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအားဆွေးနွေး ပြောကြားခဲ့ပါသည်။