သာပေါင်းမြို့နယ် စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သာပေါင်းမြို့နယ် (စတုတ္ထနှစ်) စက်ဝန်း၊ မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို အကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို (၁၄.၅.၂၀၁၉) ရက်နေ့၊ နံနက် (၉)နာရီတွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူးဦးနေထက်ရှိန်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးမြို့နိုင်မှ မိတ်ဆက်စကားပြောကြား၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီများ စုစုပေါင်း လူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။