ကွမ်းခြံကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

 

ကွမ်းခြံကုန်းမြို့နယ် ဒီဇင်ဘာ ၂၇

 

ကွမ်းခြံကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း) မြို့နယ်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ထည့်သွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ကွမ်းခြံကုန်းမြို့နယ် အ.ထ.က(၁) ခန်းမဆောင်၌ (၂၇-၁၂-၂၀၁၈ မှ ၂၈-၁၂-၂၀၁၈) ရက်နေ့ထိ နံနက်(၉:၀၀ နာရီမှ ညနေ ၄:၀၀ ထိ) ၂ ရက်တာ ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့် လူထုဗဟိုပြုစီမံကိန်းရုံးမှ ကိုယ်စားလှယ်နှင့် ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများ၊ ကွမ်းခြံကုန်းမြို့နယ်မှဌာန ဆိုင်ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူထုဗဟိုပြုစီမံကိန်းကျေးရွာများမှ စီ/ထောက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ လူထုဗဟိုပြု စီမံကိန်း၏ စီမံကိန်းလုပ်ငန်းခွဲများတွင် မပါဝင်ခဲ့ကြသော လုပ်ငန်းများအား မြို့နယ်စီမံကိန်း ရေးဆွဲရေးတွင် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဦးစားပေး လုပ်ငန်း ကဏ္ဍ(၄) ရပ် ပိုင်းခြား၍ အုပ်စုအဖွဲ့ (၅) ဖွဲ့ခွဲကာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။