အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတနင်္သာရီမြို့တွင်အောင်မြင်စွာကျင်းပ

မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်အမျိုးသမီးများဘဝမြှင့်တင်ဖို့ ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးထားဖို့၊ ဆန်းသစ်နည်းလမ်း ဖော်ထုတ်စို့ဆောင်ပုဒ်နှင့်အတူ အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့်အမျိုးသမီးများဦးဆောင်မှုပိုမိုမြင့်မားလာ စေရန် ရည်ရွယ်လျက်အခမ်းအနားကို မြိတ်ခရိုင်၊တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ မတ်လ ၈ရက်နေ့ မွန်းလွှဲ၁၂နာရီ ခွဲအချိန်က တနင်္သာရီမြို့- တနင်္သာရီခန်းမအတွင်း ကျင်းပပြုလုပ်ရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက အဖွင့်အမှာ စကားပြောကြားပေးခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး-ဒေါ်ဝင်းစန္ဒာမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူးဦးညီညီဝင်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ရုံးမှဦးစီးမှူးဒေါ်ဝေဝေလွင်မှလူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူးဒေါ်အေးတင်က အမျိုးသမီးများကဏ္ဍမြှင့်တင်ဖို့ အားလုံးကြိုးပမ်းစို့ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် တနင်္သာရီမြို့နယ်အတွင်း (၂ဝ၁၆)ခုနှစ်မှစ၍ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းလုပ်ငန်းခွင်အတွင်း အားနည်းချက်/အားသာချက်များ၊ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းများ၊စွမ်းဆောင်ရည်မြင့်မားလာခြင်းအား ဒေါ်ဖြူဖြူခိုင်(ပါ)အမျိုးသမီးကော်မတီဝင်(၄)ဦးတို့က ပြန်လည်မျှဝေရှင်းလင်းပေးခဲ့ကြသည်။ဆက်​လက်​ပြီး အခမ်​းအနားသို့တက်​​ရောက်​လာကြသည်​့ ​ကျေးရွာ​ကော်​မတီဝင်​များက အမျိုးသမီးများကဏ္ဍနှင်​့ပတ်​သက်​​သော သိလိုသည်​များ​မေးမြန်​းမှုများကို သက်​ဆိုင်​ရာကဏ္ဍအလိုက်​ တာဝန်​ရှိသူများမှ ပြန်​လည်​ရှင်​း​ဖြေကြား​ပေးခဲ့ကြသည်​။ယင်​း​နောက်​ မြို့နယ်လူထုစီမံကိန်းအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါ်စိုးစိုးမှ ယနေ့ကျင်းပဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ အနှစ်ချုပ်အားပြန်လည်ဆွေးခဲ့ပြီးနောက် ရပ်ကွက်/ကျေးရွာအသီးသီးမှစီမံကိန်းအထောက်အကူပြုအဖွဲ့ဝင်များကို တနင်္သာရီတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာဦးစီးမှူးများက အမှတ်တရလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ကာ အမှတ်တရဓါတ်ပုံရိုက်ကြကြောင်း သိရှိရသည်။

Documents: