လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ရေရှည်ထိန်းသိမ်းထားရှိရေး အသိပညာပေး

မင်းတုန်း  နိုဝင်ဘာ  ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်းဖြင့် ကောင်အထည်ဆောင်ရွက်ခဲ့သော သဒွန်းကျေးရွာ၌ စီမံကိန်းလုပ်ငန်းများ ရေရည်ထိန်းသိမ်းဆောင်ရွက်ထားရှိမည့် အစီအစဉ်များနှင့် ပတ်သက်၍ ကျေးရွာသူ၊ ကျေးရွာသားများ သိရှိနိုင်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းက တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရွာ မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးတာဝန်ခံ ဒေါ်ဆိုလူကျော်တို့နှင့်အတူ သဒွန်းကျေးရွာအတွင်းရှိ လူထုဗဟိုပြု စီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများဖြင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတရား များအကြောင်းကိုလည်းကောင်း၊ စီမံကိန်းမှချမှတ်ထားသော ရည်ရွယ်ချက်များနှင့် မူဝါဒများကိုလည်းကောင်း၊ ဌာနမှလုပ်ဆောင်နေသော ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း များကိုလည်းကောင်း၊  ကျေးရွာများတွင် ပုံမှန်အစည်းအဝေးများ ကျင်းပဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ကျေးရွာများတွင် ထားရှိ သော ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် စာအုပ်များအား နှစ်စဉ်နှစ်တိုင်းပြင်ဆင်မွမ်းမံထားရှိရန်လိုအပ်ကြောင်း၊ ပြင်ဆင်မွမ်းမံထားသော ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များအား မြို့နယ်ဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍ အသိ‌ပေးထားရန် လိုအပ်ကြောင်းကို ဆွေးနွေးမှာကြား ခဲ့ပါသည်။

 လူထုဗဟိုပြုစီမံကိန်းကို မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈၀)ရွာတွင် ၂၀၁၅ - ၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးလက်နေပြည်သူများ၏ အဓိကလိုအပ်ချက်များ ဖြစ်သော အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အဦးများ အစရှိသောလုပ်ငန်းများကို (၄)နှစ်ဆက်တိုက် ငွေကြေးထောက်ပံ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းခွဲ (၆၆၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများကို ရေရည်ထိန်းသိမ်းဆောင်ရွက်ထားရှိမည့်အစီအစဉ်များနှင့်ပတ်သက်၍ ကျေးရွာများသိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဝန်ထမ်းအဖွဲ့ခွဲ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင် ပြောပြ၍ သိရပါသည်။

 

စိုးမိုးကျော်-၀၉၂၅၆၀၈၇၂၆၈