ဘဏ္ဍာရေးမွမ်းမံသင်တန်းဖွင့်

ဇူလိုင် ၂၅ လှိုင်းဘွဲမြို့

            စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် စီမံကိန်း၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် နည်းလမ်းများကိုမှန်ကန်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဘဏ္ဍာရေးမွမ်းမံသင်တန်းကို စည်းရုံးရေးမှူးများအား (၂၅.၇.၂၀၁၉) ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ စီမံကိန်းဝယ်ယူရေးတာဝန်ခံ ဦးအောင်ကိုကိုမှ ဆွေးနွေးပို့ချကြောင်းသိရပါသည်။