မတူပီမြို့နယ်၊ ခွါဘာလ်-လာလွီး ရွာချင်းဆက်မော်တော်ကားလမ်း ဆောင်ရွက်ပြီးစီး

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်ဝန်းတွင် လာလွီးကျေးရွာအုပ်စု၊ လာလွီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ခွါဘာလ်-လာလွီး ရွာချင်းဆက်မော်တော်ကားလမ်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၂၄၃၇၇၄၀၀)နှင့် လူထုထည့်ဝင်ငွေ ကျပ်(၁၂၅၉၅၀၀)ဖြင့် (၁၇.၁၂.၂၀၁၈)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ (၇.၃.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

အဆိုပါစီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအတွက် လူထုစစ်ဆေးပွဲကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီး၊ (၁၆.၃.၂၀၁၉)ရက်နေ့တွင် လမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မတူပီမြို့နယ်၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်နှင့် မြို့နယ်ကျေးလက်ဦးစီးမှူး ဦးလာလ်လျန်ထန်တို့မှ ဖဲကြီးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

လမ်းဖွင့်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ပြည်နယ်နှင့်မြို့နယ်အဆင့်မှ တာဝန်ရှိ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး စီမံကိန်းနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။