စည်းရုံးရေးမှူးများမွမ်းမံသင်တန်းအပါတ်စဉ်(၂) ပြုလုပ်

လှိုင်းဘွဲ စက်တင်ဘာ ၄

        စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) စည်းရုံးရေးမှူးများမွမ်းမံသင်တန်းအပါတ်စဉ်(၂)ကို ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၄.၉.၂၀၁၉) မှ (၆.၉.၂၀၁၉) နေ့အထိ ကျင်းပပြုလုပ်ပါကြောင်း သိရှိရပါသည်။

        အဆိုပါသင်တန်းသို့  လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူး(၈၈)ဦး တက်ရောက်ကြပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့များနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်း၍ စာတွေ့လက်တွေ့ပို့ချနေပါကြောင်း သိရှိရပါသည်။