ကျေးရွာအဆင့်ဘဏ္ဍာရေးသင်တန်းဖွင့်

ဇွန် ၂၁ လှိုင်းဘွဲမြို့

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်လျှက်ရှိသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယစက်ဝန်း)တွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် နည်းလမ်းများကို မှန်ကန်စွာ ဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ကျေးရွာအဆင့်ဘဏ္ဍာရေးသင်တန်းကို ကျေးရွာအုပ်စု(၇)အုပ်စုမှ ကော်မတီဝင်(၃၅)ဦး (ကျား ၂၅၊ မ ၁၀) ယနေ့(၂၁.၆.၂၀၁၉)ရက်နေ့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် စီမံကိန်းဘဏ္ဍာရေးတာဝန်ခံ ဒေါ်ငြိမ်းငြိမ်းအောင်မှ ဆွေးနွေးပို့ချကြောင်းသိရှိရပါသည်။