ထီးလင်းမြို့နယ် အညာဘန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

ထီးလင်း   အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး အညာဘန်းကျေးရွာ အုပ်စု၊ အညာဘန်းကျေးရွာတွင် စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ခြင်းအစည်းအဝေးကို အောက်တိုဘာလ ၆ ရက်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်ကျေးရွာတာဝန်ခံ လက်ထောက်နည်းပညာမှူး ဦးဂျက်မောင်မောင် နှင့် လူထုစည်းရုံးရေးမှူး ဒေါ်ချိုဝင်းတို့က စီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမူဝါဒများနှင့်ညွှန်ကြားချက်များ၊ စီမံကိန်း လုပ်ငန်းများရွေးချယ်ရာ စီမံကိန်းနှင့် အကျုံးဝင်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အကျုံးမဝင်သည့်လုပ်ငန်းများကို ရှင်းလင်ပြော ကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသောကျေးရွာသူကျေးရွာသားများက မိမိတို့ကျေးရွာအတွက် ဦးစားပေးအလိုက် လိုအပ်သော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒီမိုကရေစီနည်းလမ်းကျကျ ကျေးရွာလူထုကိုယ်တိုင် မဲပေးရွေးချယ်ဖော်ထုတ်ကြရာ ပထမဦးစားပေးအနေဖြင့် လမ်းဘေးကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဒုတိယဦးစားပေး ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊  တတိယဦးစားပေး ကျေးလက်ဆေးပေးခန်း တည်ဆောက် ခြင်းလုပ်ငန်းကိုလည်းကောင်း၊ စတုတ္ထဦးစားပေး မူလွန်ကျောင်းဆောင်တည်ဆောက်ခြင်း လုပ်ငန်းများကိုရွေးချယ်ဖော်ထုတ် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးကို ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ သက်ဆိုင်ကျေးရွာတာဝန်ခံ ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသား(၁၂၆)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုးမိုးကျော်-၀၉၂၅၆၀၈၇၂၆၈