ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်​တို့ ပူးပေါင်းအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​လျက်ရှိ​သော လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲ  ဓနုဖြူ မြို့တွင် ကျင်းပ

စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေးနှင့်ဆည်​​မြောင်းဝန်​ကြီးဌာန၊ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်​တို့ပူးပေါင်းအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​လျက်ရှိ​သော လူထုဗဟိုပြုစီမံကိန်း

ပဉ္စမနှစ်​စက်​ဝန်း(၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်​)တွင် မြို့နယ်​(၁၆)​မြို့နယ် ဆောင်​ရွက်​သွားမည်​ဖြစ်​ရာ တစ်မြို့အပါအဝင်​ဖြစ်​​သော ​ဧရာဝတီတိုင်းဒေသကြီး၊ ​​ဓနုဖြူ ​​မြို့နယ်၌(၂၉.၁၁.၂၀၁၇)ရက်​​နေ့ တွင်

လူထုဗဟိုပြုစီမံကိန်း မိတ်​ဆက်​​ခြင်းအလုပ်​ရုံ​ဆွေး​နွေးပွဲကျင်းပပြုလုပ်​ရာ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးတင်လှမှ​ အဖွင့်အမှာစကား​ ပြောကြားခြင်း၊ ​ ဧရာဝတီတိုင်းဒေသကြီး

ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းမှ မိတ်ဆက်စကားပြောကြားခြင်း ၊ ​ ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန ရုံးချုပ်​မှ

ညွှန်​ကြား​ရေးမှူးဦးလှခိုင်မှ စီမံကိန်းမိတ်​ဆက်​စကား ပြောကြားခြင်းဖြင့်ဆွေး​နွေးပွဲအား စတင်​ခဲ့သည်​။ ဆွေး​နွေးပွဲတွင်​ ​​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန ရုံးချုပ်၊

တိုင်း၊ခရိုင်၊မြို့နယ် အဆင့်မှ ဝန်ထမ်းများ၊CSOများ ၊လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ဌာနဆိုင်​ရာများ၊​ ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူးများ ၊ ကျေးရွာရပ်မိရပ်ဖနှင့်မြို့နယ်ရပ်​မိရပ်​ဖများ၊

သတင်းမီဒီယာများ စုစု​ပေါင်းလူဦး​ရေ (၃​​၅၀)ခန့်တက်​​ရောက်​ကြသည် ​။