ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

၂၈.၉.၂၀၁၆

စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန   ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့်      ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော်  ဆောင်ရွက်လျက်ရှိသော   လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းတွင်      ကယားပြည်နယ်၊ လွိုင်ကော် မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ လူထုဗဟိုပြုစီမံကိန်းမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို (၂၈.၉.၂၀၁၆)ရက်နေ့ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆွေးနွေးပွဲသို့ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊   ပြည်နယ်လွှတ်တော်ဥက္ကဌ၊   အစိုးရအဖွဲ့ဝင်များ ၊ဌာန ဆိုင်ရာအဖွဲ့ အစည်းများ၊  ကမ႓ာ့ဘဏ် (World Bank)မှ ကိုယ်စားလှယ်များ၊   တိုင်းရင်းသားအဖွဲ့အစည်းများ၊  အရပ်ဖက်လူမှု အဖွဲ့ အစည်းများ   ၊ဒေသတွင်းဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀)ခန့် တက်ရာက်ကြပါသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ကျေးလက်ဦးစီးဌာနနှင့် ကမ႓ာ့ဘဏ်ကိုယ်စားလှယ်တို့မှ စီမံကိန်းနှင့်ပက်သက်ပြီး ရှင်းလင်းဆွေးနွေးပါသည်။

စီမံကိန်းကို ကယားပြည်နယ်အတွင်း  ၂၀၁၅ ခုနှစ်တွင် ဖရူဆို၊  ဒီးမော့ဆိုမြို့နယ်တွင် ဆောင်ရွက်လျက်ရှိပြီး လွိုင်ကော်၊  ရှားတော၊ ဖားဆောင်း၊ဘော်လခဲနှင့် မယ်စဲ့ (၅)မြို့နယ်ကို ၂၀၁၆ ခုနှစ်မှစတင်ပြီး (၄)နှစ်ဆက်တိုက် ဆောင်ရွက်ပေးသွားပါမည်။

ကယားပြည်နယ်အတွင်း စုစုပေါင်း (၇)မြို့နယ်ဆောင်ရွက်ပါမည်။