ကျေးရွာအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု့ မွမ်းမံသင်တန်းဖွင့်လှစ်

မကွေးတိုင်း ဆောမြို့ စက်တင်ဘာ ၁၈ရက်

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန မကွေးတိုင်း ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုထ္ထနှစ် စက်ဝန်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသော ကျေးရွာ(၁၁၇)ရွာအတွက် လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် ဘဏ္ဍာရေး ဆိုင်ရာ စီမံခန့်ခွဲမှု့ မွန်းမံသင်တန်းပေးခြင်းကို စက်တင်ဘာလ (၁၈)ရက်နေ့ မနက်(၉)နာရီ၌ ပန်းဆန်ကျေးရွာတွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သင်တန်းကို  ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ အကြံပေး ဒေါ်မေဇင်ငြိမ်းနှင့်  ကျေးလက်ဒေသဖွ့ံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ဇင်မာထွေး တို့မှ တာဝန်ယူ သင်ကြားပို့ချခဲ့ပါသည်၊ သင်တန်းတွင် စီမံကိန်းဧ။် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကျေးရွာအဆင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပုံစံစာရွက်များကို စာတွေ့ လက်တွေ့လုပ်ဆောင်နိုင်ရန် သင်ကြားပေးကာ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားးချက်များနှင့်အညီ လိုက်နာဆောင်ရွက််ရန် ငွေကြေးဆိုင်ရာ အသုံးစရိတ်များ စနစ်တကျရှိရန် လာဘ်ပေး လာဘ်ယူမှုများ မဖြစ်ပေါ်စေရန် ငွေကြေးအလေအလွင့် နည်းပါးရန် စာရင်းအစစ်ဆေးခံနိုင်ရန် အတွက် ဘဏ္ဍာရေးကော်မတီဧ။် တာဝန် ဝတ္တရားများကို ညွှန်ကြားပို့ချခဲ့ပါသည်။

အဆိုပါ သင်တန်းကို ကျေးရွာ(၁၀)အုပ်စုရှိ ဘဏ္ဍာရေးကော်မတီဝင် (၅၈)ယောက် တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ (၁)ရက်တာ ဖြစ်ကြောင်းသိရပါသည်၊ ဆောမြို့နယ်ရှိ ကျန်ရှိသေးသည့် ကျေးရွာအုပ်စုများမှ ဘဏ္ဍာရေး ကော်မတီဝင်များကိုလည်း ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု့ သင်တန်းများ ဆက်လက် ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိ ပါသည်။