လက်ထောက်နည်းပညာမှူးများအား စွမ်းဆောင်ရည်မြင့်သင်တန်းပြုလုပ်

 ၁၆ စက်တင်ဘာလ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လက်ထောက်နည်းပညာမှူးများ စွမ်းဆောင်ရည်မြင့်သင်တန်းကို (၁၆.၉.၂၀၁၉)ရက်နေ့၌ ကော့ကရိတ်မြို့နယ် ကျေးလက်ဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအား(၅)ရက်တာ ပြုလုပ်သွားမည်ဖြစ်ပြီး စီမံကိန်းဝန်ထမ်းများဖြစ်ကြသော လက်ထောက်နည်းပညာမှူးများစုစုပေါင်း(၁၉)ဦး တက်ရောက်ကြပြီး ဘားအံနည်းပညာတက္ကသိုလ်မှ ဆရာမများဖြစ်ကြသော ဆရာမဒေါ်နော်မြတ်ဆုမွန်ထွန်းနှင့် ဒေါ်ဖြိုးနှင်းသူထွန်းတို့မှ သင်တန်းပို့ချပေးလျက်ရှိပါသည်။

            သင်တန်းတွင် လက်ထောက်နည်းပညာမှူးများအနေဖြင့် စီမိကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်စေရန်အတွက် RC Structure estimate တွက်ချက်မှုနှင့် Steel Structure estimate and design ရေးဆွဲမှု ပုံစံများအား သင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် လက်ထောက်နည်းပညာရေးမှူးများ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ယခုနှစ်တွင် စီမံကိန်းလုပ်ငန်းခွဲများအား အကောင်းဆုံးဆောင်ရွက်နိုင်ရန် တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်ရေးဆွဲခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်း၊ အဆောက်အဦးတည်းဆောက်ခြင်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ သင်ကြားပြသခြင်း၊ စီမံကိန်းလုပ်ငန်းများအပေါ် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေရန် လိုအပ်သောနည်းပညာအချက်အလက်များ သင်းကြားခြင်း စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းပို့ချပေးလျက် ရှိပါသည်။