အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည်မြင့်မားရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

ထီးလင်း စက်တင်ဘာ   ၁၃

          မကွေးတိုင်းဒေကြီီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   လူထုဗဟိုပြုစီမံကိန်း တွင် တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာကော်မတီဝင်အမျိုးသမီးများအား ခေါင်းဆောင်မှု စွမ်းရည်မြင့်မားရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ထီးလင်းမြို့နယ် ၊ ထလင်းကျေးရွာ  ခရေဖြူအစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ လူထုဗဟိုပြုစီမံကိန်း Cardno(ကတ်ဒနို) အဖွဲ့မှ စီမံကိန်းအကြံပေး ဒေါ်အေးအေးခိုင်မှ အဖွင့်အမှာ စကားပြော ကြားပါသည်။

ဆက်လက်၍  ထီးလင်းမြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင် အမျိုးသမီးများအား အတွေ့အကြုံကောင်းများကို ပိုမိုရရှိလာပြီး ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန်နှင့် ခေါင်းဆောင်နိုင် စွမ်းရည်များမြင့်မားလာစေရန်ရည်ရွယ်၍ သင်ကြားဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ ကျား-မ ရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းနှင့် ထီးလင်းမြို့နယ် နည်းပညာအကြံပေးအဖွဲ့မှ ကျား-မ ရေးရာတာဝန်ခံ ဦးကျော်ဇေယျတို့က ခေါင်းဆောင်တွင်ရှိရမည့် အရည်အချင်းများ၊ အမျိုးသမီးဦးဆောင်မှု၏ အခန်းကဏ္ဍများ၊ အမျိုးသမီး ခေါင်းဆောင်များပေါ်ပေါက်လာစေရန် စာတွေ့လက်တွေ့နှစ်မျိုးစလုံး ကိုသင်ကြားပို့ချသွားမည့်အကြောင်း ရှင်းလင်း ပြောကြား ကြပါသည်။

အဆိုပါသင်တန်းကို ထီးလင်းမြို့နယ်အတွင်းရှိ ကြာဥယျာဉ်၊ ထလင်း၊ ကျားခဲ၊ နတ်အင်း၊ အိုင်းမ၊ အုံးနှောက်ကျေးရွာများမှ အမျိုးသမီး(၂၄)ဦး၊ လက်ထောက်နည်း ပညာမှူးများ(၆)ဦး၊ လူထုစည်းရုံးရေးမှူး(၇)ဦးနှင့် စုစုပေါင်းသင်တန်းသား(၃၇)ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်း ကို(၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268