ပေါက်မြို့နယ်တွင် ဒီးဒုတ်ကွင်းကျေးရွာ လူထုဗဟိုပြုစီမံကိန်း ပထမအကြိမ် အစည်းအဝေးကျင်းပပြုလုပ်

ပေါက် သြဂုတ်    ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ စီမံကိန်းစတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒီးဒုတ်ကွင်းကျေးရွာအုပ်စု၊ ဒီးဒုတ်ကွင်းကျေးရွာတွင် ကျေးရွာအဆင့်ပထမအကြိမ်အစည်းအဝေးအား ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးမှ လူထုစည်းရုံးရေးမှူး ဦးမင်းလွင်က ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များရေးဆွဲနိုင်ရေး လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာလူမူ့ရေးအရင်းအမြစ်ဖြစ်သည့် ကျေးရွာအတွင်းရှိ အခြေခံအဆောက်အဦ၊ လမ်း၊ လူနေအိမ်အခြေအနေပြပုံစံ ရေးဆွဲခြင်းနှင့် ကျေးရွာရာသီခွင်အလိုက် ဒေသထွက်ကုန်ပြပုံစံရေးဆွဲခြင်းအား အုပ်စု (၅)စုဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး ကိုယ်စား လှယ် တစ်ဦးခြင်းစီက ဆွေးနွေးတင်ပြခဲ့ပါသည်။

ဆက်လက်၍ လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာစေတနာ့ဝန်ထမ်းအား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများက လျိုဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံး ဝန်ထမ်းများ နှင့် ဒီးဒုတ်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၂၉၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268