စည်းရုံးရေးမှူးများစွမ်းဆောင်ရည်မြှင့်တင်ခြင်းမွမ်းမံသင်တန်း အပိုင်း(၃) ပြုလုပ်ခြင်း

 

၂၅.၁.၂၀၁၈(မွန်ပြည်နယ်၊ပေါင်မြို့နယ်)

စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပေါင်မြို့နယ်လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်၀န်း စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းမွမ်းမံသင်တန်း အပိုင်း(၃)ကို ပေါင်မြို့နယ် တာ၀တိံသာ ဘုန်းကြီးကျောင်းတွင် (၂၄.၁.၂၀၁၈မှ ၂၅.၁.၂၀၁၈)အထိ ပြုလုပ်ခဲ့ပါသည်။ သင်တန်းတွင် မြို့နယ်တာ၀န်ခံများ၊ နည်းပညာအကြံပေးများ၊ လက်ထောက်နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများ သင်တန်းသား၊ သင်တန်းသူ ကျား(၂၄)ဦး ၊ မ (၂၅)ဦး ၊ စုစုပေါင်း (၄၉)ဦးတက်ရောက်ခဲ့ကြပါသည်။

                   အခမ်းအနားတွင် မြို့နယ်လူထုဗဟိုပြုနည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောအေးသောင်မှ အဖွင့်အမှာစကား နှင့် သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းပြီးဆုံးပါက စီမံကိန်းကျေးရွာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကျေးရွာလူထုသို့ဆွေးနွေးတင်ပြနိုင်ပြီး၊ အားသာချက်၊ အားနည်းချက်များ၊ နောင်နှစ်စီမံကိန်းအတွက် ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်မည့်အကြံပြုချက်များ ရရှိပြီးလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်ပါသည်။