ဆောမြို့နယ် လယ်ဦးကျေးရွာ၌ ကြိုးတံတားတည်ဆောက်ခြင်း ရာနှုန်းပြည့်ပြီးစီး

ဆော   စက်တင်ဘာ   ၁၁

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လူူထုဗဟိုပြုစီမံကိန်း (CDD)တတိယနှစ်စက်ဝန်းဖြင့် ဆောင်ရွက်သည့် ကြိမ်ကြီးကျေးရွာအုပ်စု၊ လယ်ဦးကျေးရွာ၌ ကြိုးတံတားတည်ဆောက်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီိဖြစ်ကြောင်း ဆောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။

“ လယ်ဦးကျေးရွာသည် လူဦးရေ(၁၁၉)ဦးရှိပြီး ယခင်ကချောင်းကူးတံတားမရှိတာကြောင့် မိုးရာသီ တောင်ကျချောင်း ရေကျတဲ့အခါတိုင်း သွားလာရအလွန်ခက်ခဲကြောင်း၊ ယခုအခါ ချောင်းကူးကြိုးတံတားတည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် လယ်ဦးကျေးရွာအပါအဝင် သာချောင်းကျေးရွာ၊ ငဟောင်ကျေးရွာမှ ကျေးရွာသူကျေးရွာသားများပါ အသုံးပြုလျက်ရှိကြောင်း ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်း ကပြောပြ၍သိရသည်။

အဆိုပါ ကြိုးတံတားကို အလျား ၁၀၀ ပေ၊ အကျယ် ၅ ပေ  အမြင့် ၁၈ ပေ တည်ဆောက်ခြင်းလုပ်ငန်းအား လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၄၈ ဒသမ ၇ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၉၅ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင် လမ်းလုပ်ငန်း ၂၄ ခု၊ တံတားလုပ်ငန်းငါးခု၊ မီးလင်းရေးလုပ်ငန်း ၃၃ ခု၊ ရေပေးရေးလုပ်ငန်းခြောက်ခု၊ စာသင်ကျောင်းဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း  ၁၉ ခု၊ စာသင် ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းတစ်ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းငါးခု၊  ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း ၁၈ ခု စီမံကိန်းလုပ်ငန်းခွဲ(၁၁၁)ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမိုးကျော် 09.256087268