ရေတာရှည်မြို့နယ် ဆွာရေဘေးသင့်ကျေးရွာများဖြစ်သော ဆွာမင်းလမ်းကျေးရွာနှင့် တံတားကြီးကျေးရွာ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာရေဘေးသင့်ကျေးရွာများဖြစ်သော ဆွာမင်းလမ်းကျေးရွာနှင့် တံတားကြီးကျေးရွာတို့တွင် လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို (၇.၄.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းမှ စီမံကိန်းလုပ်ငန်း​ေဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်နှင့် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းဆောင်သစ်များအားပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးကျေးလက်ဦးစီးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။