ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများနှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူများမှ ကျေးရွာကော်မတီဝင် များနှင့်တွေ့ဆုံ

(၂၄.၁.၂၀၁၈) ဘောလခဲမြို့ ကယားပြည်နယ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဘောလခဲ-ဖားဆောင်း-မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒု-စက်ဝန်း)တွင် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများနှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူများသည် ဘောလခဲမြို့နယ်၊ ချိကွဲ့ ကျေးရွာအုပ်စု၊ ချိကွဲ့ကျေးရွာ၊ မိုင်းထမ်းကျေးရွာအုပ်စု၊ မိုင်းထမ်းကျေးရွာမှ ကော်မတီ ဝင်များ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကော်မတီဝင် များနှင့် ကျေးရွာသူ/သား (၁၀၀)ဦးတက်ရောက်ခဲ့ပါသည်။