ပေါက်မြို့နယ် ရှားစေးချက် ကျေးရွာ ကျောင်းခြံစည်းရိုးလုပ်ငန်းဆောင်ရွက်ပြီးစီးမှူ့ လူထုစစ်ဆေးပွဲ ပြုလုပ်

 

မေ ၂၃

စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်စာသင်ကျောင်းခြံစည်းရိုး ပြီးစီးကြောင်း လူထုစစ်ဆေးပွဲ ကို တင်းငုတ်ပြင်အုပ်စု ရှားစေးချက်ကျေးရွာ တွင် နံနက် ၉ နာရီ က ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်ကျေးရွာတာဝန်ခံဦးချိန်သွယ်မှအဖွင့်အမှာစကားပြောကြားခြင်း၊လူထုစစ်ဆေးပွဲရည်ရွယ်ချက်ကိုလက်ထောက်နည်းပညာမူးဒေါ်အိအိစိုးမှပြောကြားခြင်း၊အုပ်စုစီထောက်မှအုပ်စုရံပုံငွေခွဲဝေထားရှိမူ့အခြေအနေကိုရှင်းလင်းခြင်း၊အကောင်အထည်ဖော်ရေးနှင့်ရလဒ်ကို စီထောက်ဥက္ကဌဦးမြင့်စိန်မှပြောကြာခြင်း၊သက်ဆိုင်ရာကော်မတီများမှလည်းတာဝန်ယူဆောင်ရွက်ထားရှိမူ့များအားရှင်းလင်းခြင်း၊လုပ်ငန်းစဉ်နှင့်ရလဒ်ကိုလူထုစည်းရုံးရေးမှူးဦးစိုးခန့်မှရှင်းလင်းပြီးတက်ရောက်သူများမှလုပ်ငန်းစဉ်နှင့်ရလဒ်ကိုမဲပေးခဲ့ပါသည်။လုပ်ငန်းစဉ်နှင့်ရလဒ်မဲအရေအတွက်မှာ ကော်မတီအမျိုးသား (၇)မဲ၊ကော်မတီအမျိုးသမီး (၇)မဲ၊ကျေးရွာလူထုအမျိုးသား (၁၇)မဲ၊ကျေးရွာလူထုအမျိုးသမီး(၂၈)မဲဖြင့်စုစုပေါင်း(၅၉)မဲရရှိပါသည်။

အဆိုပါစာသင်ကျောင်းခြံစည်းရိုးလုပ်ငန်းအားလူထုဗဟြိုပြုစီမံကိန်းထောက်ပံ့ငွေ၉၇)သိန်းကျော်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

မျိုးဝင်းထွန်း

CSAGS

ပေါက်မြို့