စီမံခန့်ခွဲမှုသင်တန်းပြုလုပ်

လှိုင်းဘွဲမြို့ စက်တင်ဘာလ ၁၀

        ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ  မိုးနိုင်းအုပ်စုမှ ဖါးကပ်ကျေးရွာ၊ ညာမရောကျေးရွာ၊ လော်စောဒေးကျေးရွာနှင့် လော်ထို့ကွီးကျေးရွာများမှ စီမံကိန်းကော်မတီဝင်များအား ကျေးရွာစီမံခန့်ခွဲမှုကော်မတီသင်တန်းကို လော်စောဒေးကျေးရွာ၌ (၁၀.၉.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

        ကော်မတီဝင်များသည် ကျေးရွာလူထုကို အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံကိန်းလုပ်ငန်းများ စီမံခန့်ခွဲရာတွင် လိုအပ်သည့်စွမ်းရည်၊ ယုံကြည်ချက်နှင့် အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုများ တိုးပွားလာစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

        ထိုကျေးရွာစီမံခန့်ခွဲမှုသင်တန်းကို ကော်မတီဝင် ကျား (၂၂)ဦး၊ မ (၂၃) ဦးတက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူး(၉)ဦးနှင့် မြို့နယ်နည်းပညာအကြံပေး ဦးနန္ဒထွန်းတို့မှ ဦးဆောင်ကျင်းပခဲ့ကြသည်။