ထီးလင်းမြိုု့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း မွမ်းမံသင်တန်းဖွင့်လှစ်

 

ထီးလင်း စက်တင်ဘာ   ၆

          မကွေးတိုင်းဒေကြီီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   လူထုဗဟိုပြုစီမံကိန်း တွင် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ နည်းပညာအကြံပေးများ၊ စည်းရုံးရေးမှူးများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် နှင့် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက  အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချပေးမည့် စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်း (Capacity Building Initiative) အဖွဲ့မှ ဦးဖြိုးသူ (Senior Trainer) နှင့် ဒေါ်အေးမင်းခိုင် (Senior Trainer)၊ ဒေါ်မွန်မွန်အိ (Trainer)တို့က အသီးသီး မိတ်ဆက်စကားပြောကြားခဲ့ပြီး သင်တန်းတွင်ပို့ချသင်ကြားသွားမည့် စီမံကိန်းစက်ဝန်အားစီမံခန့်ခွဲခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်း၊ စောင့်ကြည့်လေ့လာခြင်း နှင့် အကဲဖြတ်သုံးသပ်ခြင်း အကြောင်းအရာများနှင့် စပ်လျင်း၍ ရှင်းလင်းပြောကြား ကြပါသည်။

အဆိုပါသင်တန်းကို ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စွမ်းရည်ရှေ့ဆောင် လူမှုရေးအသင်းအဖွဲ့မှ ဆရာ၊ ဆရာမများ၊  မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ၊ လက်ထောက်နည်း ပညာမှူးများ(၁၅)ဦး၊ လူထုစည်းရုံးရေးမှူး(၂၅)ဦးနှင့် စုစုပေါင်းသင်တန်းသား(၅၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ သင်တန်း ကို(၃)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

  စိုးမိုးကျော် 09.256087268