စည်းရုံးရေးမှူးများ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း မိုးကောင်းတွင် ဖွင့်လှစ်

မိုးကောင်းမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလူထုဗဟိုပြုစီမံကိန်းရုံး စတုတ္ထနှစ်စက်ဝန်း စည်းရုံးရေးမှူးများအား စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်း အပိုင်း (၃) ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးလင်းနှင့် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြတ်သူတို့မှ သင်တန်းအား ဆက်လက်ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းကို စည်းရုံးရေးမှူး ၃၂ ဦး၊ ကျေးလက်ဦးစီးဝန်ထမ်းနှင့်နည်းပညာအကြံပေးအဖွဲ့ များအပါအဝင်စုစုပေါင်း ၄၃ ဦးကို နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက် နှစ်ရက်ကိုရုံးတွင်သင်ကြားပေးသွားမှာဖြစ်ပြီးဖေဖော်ဝါရီ ၅ ရက်နေ့တွင်လုပ်ငန်းခွဲ ဆောင်ရွက်ပြီးစီးသည့် လွယ်လီယံရွာဟောင်းကျေးရွာနှင့် နောင်းပုံရွာသစ်ကျေးရွာတို့တွင် (Pilot) စံပြအဖြစ် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။

( Mogaung CDD)