တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း(အပိုင်း-၃)ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများသင်တန်း(အပိုင်း-၃) ဖွင့်ပွဲအခမ်းအနားကို (၃၀.၇.၂၀၁၉)ရက်နေ့တွင် တွန်းဇံမြို့နယ်၊ RC ဘုရား ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကာ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆွေးအုပ် (လ/ထညွှန်ကြားရေးမှူး)မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ စီမံကိန်းတာဝန်ခံမှ စီမံကိန်းဝန်ထမ်းများအားလုံး အတူတကွ ပူးပေါင်း၍ လုပ်ငန်းဆောင်ရွက်ကြပါရန်၊ မိမိကိုယ်ကို လုံခြုံမှုကို အလေးထားဆောင်ရွက်ရန်၊ ကျေးရွာ၏ အမှန်တကယ်လိုအပ်ချက်များကို ဖော်ထုတ်ရာတွင် ကူညီဆောင်ရွက်ပေးရန်၊ စီမံကိန်းလုပ်ငန်းများ၏ အရည်အသွေးများ ဇီဒိုင်းတွက်ချက်မှုများကို စေတနာထားပြီး ဆောင်ရွက်ရန်နှင့် သင်တန်းမှ ရရှိသည့် သင်ခန်းစာများအား ကျေးရွာတွင် ပြန်လည်အသုံးချရေး မှာကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၃၀.၇.၂၀၁၉)ရက်နေ့မှ (၃၁.၇.၂၀၁၉)ရ က်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။