ထီးလင်းမြိုနယ် ရေမျက်နီကျေးရွာ ဘက်စုံသုံးခန်းမဆောင်ဖွင့်လှစ်ခြင်းနှင့် လူထုစစ်ဆေးပွဲကျင်းပ

ထီးလင်း သြဂုတ် ၃၁

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်  ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲ အခမ်းအနားကို သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ ဦးကျော်ဇေယျက ကျေးရွာဘက်စုံသုံးခန်းမဆောင် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခဲ့မှုအပေါ် ကျေးရွာ စီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌ ဦးကျော်ကျော်ထွန်းက ကျေးရွာ ဘက်စုံသုံခန်းမဆောင် ဆောက်လုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘဏ္ဍာရေးတာဝန်ခံ ဒေါ်နှင်းလဲ့ရည်မှ  စီမံကိန်းလုပ်ငန်း အသုံးစရိတ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ကျွန်တော်မတို့ “ ရေမျက်နီကျေးရွာလေးဟာ အိမ်ခြေ (၃၄၅)အိမ်၊ လူဦးရေ (၁၇၁၁)ဦးရှိတဲ့ ရွာကြီးတစ်ရွာပါ၊ ထီးလင်းမြို့နဲ့ (၂၈)မိုင်အကွာမှာရှိသော်လည်း ကျေးရွာပိုင်အဆောက်အုံကျယ်ကျယ်ဝန်းဝန်းမရှိလို့ ကျေးရွာအစည်းအဝေးတွေ၊ သာရေး နာရေး၊ မင်္ဂလာဆောင်၊ အလှူအတန်းတွေလုပ်တဲ့နေရာမှာ များစွာအခက်အခဲတွေရှိပါတယ်၊ အခုလို ခန်းမဆောင်ကြီး ဆောက်လုပ်ပေးနိုင်ခဲ့လို့ ဒီနေ့မှာတော့ အဲအခက်အခဲတွေကပြေလည်သွားလို့ ကျွန်မတို့ ဝမ်းသာပျော်ရွှင်ဖြစ်ရပါတယ်လို့ “  ဖွင့်ပွဲတက်ရောက်လာတဲ့ ကျေးရွာဒေသခံ ဒေါ်စိန်မေဝင်းက ပြောသည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောင်မှာ အလျား ၉၀ ပေ၊ အနံ ၄၄ ပေ၊ အမြင့် ၁၃ ပေရှိ  သွပ်မိုးအုတ်ညှပ် ခန်းမဆောင် ဖြစ်ပြီး စီမံကိန်းပံ့ပိုးငွေကျပ်(၃၂၀၀၉၄၀၀)သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ၂၀၁၉ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 စိုးမိုးကျော် 09.256087268