ပန်းတောင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားပြုလုပ်ကျင်းပ

 

             ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင် (၈.၃.၂၀၁၉)ရက်နေ့၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးနေမင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်မြင့်မြင့်ကြည်မှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာရခြင်း သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။

             ထို့နောက် လူထုဗဟိုပြုစီမံကိန်း အမျိုးသမီးကွန်ယက်အဖွဲ့ ဒေါ်ရီရီဆွေမှ စီမံကိန်းတွင် အမျိုးသမီးများ ကဏ္ဍ ပါဝင်လုပ်ဆောင်ရခြင်းကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားအား အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျေးရွာ စီ/ထောက်ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးကွန်ယက်အဖွဲ့များနှင့် မြစိမ်းရောင်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။