ငပုတောမြို့နယ် စီမံကိန်းကျေးရွာများတွင် Covid-19 ပညာပေး ပိုစတာများ ဖြန့်ဝေ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန သည် Unicef မှ ပံ့ပိုးပေးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်ရှိ လူထုဗဟိုပြုစီမံကိန်းကျေးရွာများတွင် Covid-19 ရောဂါ ပညာပေး ပိုစတာများအား  ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့ တွင် စတင်ဖြန့်ဝေခဲ့ရာ ကျေးရွာကော်မတီများမှ ဝိုင်းဝန်း၍ ပိုစတာများ ကပ်ထားရန် နေရာများအားပြုလုပ်ပေးခြင်း၊ စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာကော်မတီများမှ Covid-19 ပညာပေး ပိုစတာများအား ကျေးရွာများအတွင်းရှိ လူအသွားအလာများသော နေရာများ၌ လိုက်လံကပ်ထားခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှလည်း ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြသည်။ ကျေးရွာများရှိ ကျေးရွာလူထုများမှလည်း ပိုစတာများအား လာရောက်လေ့လာ ဖတ်ရှုကြရာ မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာ ၄၂၆ ရွာ၊ အိမ်ခြေ ၆၅,၄၂၇ အိမ်နှင့် လူဦးရေ ၂၉၉,၂၂၅ ဦးအား အကျိုးပြုလျက် ရှိပါသည်။

 စီမံကိန်းအနေဖြင့် ထိုကဲ့သို့ကျေးရွာများအား ပိုစတာများဖြန့်ဝေပေးခြင်းဖြင့် ယခုကဲ့သို့ ကမ္ဘာတစ်ဝှမ်း Covid-19 ရောဂါ ကူးစက် ပြန့်ပွားလျက်ရှိသည့် ကာလအတွင်း ကျေးလက်နေ ပြည်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ တိတိကျကျ သိရှိလာစေခြင်း၊ ပြည်သူ့ တစ်ဦးချင်း အနေဖြင့်လည်း မိမိကိုယ်ကို ကာကွယ်နိုင်ခြင်း၊ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မည်ကဲ့သို့ပြုမှုနေထိုင်ရမည်ကို ကောင်းစွာ သိရှိလာစေပြီး Covid-19 ရောဂါကို မပြန့်ပွားရေး ကျန်းမာရေးဆိုင်ရာ  အသိပညာဗဟုသုတများ ရရှိလာစေလျက် ရှိသည်။