ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်သို့ မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှ လေ့လာရေး ခရီးစဉ်လာရောက်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်းမြို့နယ် (စတုတ္ထနှစ်) စက်ဝန်းလူထုဗဟိုပြုစီမံကိန်းရုံးသို့ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် (တတိယနှစ်) စက်ဝန်း လူထုဗဟိုပြုစီမံကိန်း အဖွဲ့ဝင်ကော်မတီ စုစုပေါင်း(၄၃)ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးမှ တာဝန်ရှိ သူများသည် (၂၇.၃.၂၀၁၉) ရက်နေ့မှ (၃၀.၃.၂၀၁၉) ရက်နေ့အထိ လေ့လာရေးခရီးစဉ်အား လာရောက်ခဲ့ပါသည်။

 အဆိုပါခရီးစဉ်တွင်  အုပ်စု (၂) အုပ်စုခွဲ၍ ကျေးရွာ (၁၀) ရွာမှ စီမံကိန်းစက်ဝန်း (၄)နှစ်တာ အတွင်း ဆောင်ရွက်ခဲ့သည့် အဆောက်အဦ၊ မီးလင်းရေး၊ လမ်းတံတား၊ ရေပေးဝေရေးနှင့် အခြားလုပ်ငန်းများအား ကွင်းဆင်းလေ့လာခြင်း၊ ကျေးရွာကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကြံခင်းမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီနှင့် တွေ့ဆုံပြီးစီမံကိန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ၊ အပြန်အလှန်မေးမြန်းခြင်း၊ လေ့လာခြင်း၊ စီမံကိန်း ဆိုင်ရာဗဟုသုတများဖလှယ်ခြင်း၊ အကြံပေးခြင်းအစီအစဉ်များဖြင့်ဆွေးနွေးပြီး ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးဝန်ထမ်းများမှာလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။