ဘီးလင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကျင်းပခြင်း

မွန်ပြည်နယ်၊ သထုံခရိုင်၊  ဘီးလင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူး၍ (၈-၃-၂၀၁၉) ရက်နေ့ တွင် ငြိမ်းချမ်းရိပ်မြုံဓမ္မစကူးလ်သင်တန်းခန်းမ၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လူထုဗဟိုပြုစီမံကိန်း၏အမျိုးသမီးအဖွဲ့များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးမှ အမှာစကားပြောကြားပြီး စီမံကိန်း၏ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းများ၊ ကျင်းပ ပြုလုပ် ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြပြီး အမျိုးသမီးများအား ခွင့်တူညီမျှမှု ရရှိအောင်စဉ်းစား၍ စွမ်းဆောင်ရည်များမြှင့်တင်နိုင်စေရန် ပြောင်းလဲမှုများကိုဖန်တီးနိုင်မည့် အကျိုး ရလဒ်များ ရရှိလာနိုင်ရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်းသိရပါသည်။