ကျေးရွာအုပ်စုအဆင့် စီမံခန့်ခွဲရေးသင်တန်းပြုလုပ်

 ၂၇ သြဂုတ်လ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာအုပ်စုအဆင့် စီမံခန့်ခွဲရေးသင်တန်းကို (၂၇.၈.၂၀၁၉)ရက်နေ့၌ မိဂလုံကျေးရွာတွင် ကျေးရွာအုပ်စုအဆင့် ကော်မတီဝင်များအားလုံး ပူးပေါင်း၍ ပြုလုပ်ခဲ့ကြပါသည်။

            အဆိုပါသင်တန်းတွင် ကျေးရွာအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကျေးရွာကော်မတီဝင်များအား ဝယ်ယူးရေးနှင့် ဘဏ္ဏာရေး ကိစ္စရပ်များကို စနစ်တကျဆောင်ရွက်ရာတွင် ပြုလုပ်ရမည့် စာရွက်စာတမ်းများအား ရှင်းလင်းတင်ပြခြင်း၊ တည်းဆောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းလုပ်ငန်းခွဲများအပေါ် ကျေးရွာသူ/သားများ ပိုမိုယုံကြည်မှုရှိစေပြီး တာဝန်ယူမှု/တာဝန်ခံမှုများရှိစေရန်အတွက် ဝေဖန်အကြံပြုတိုင်ကြားချက်စနစ်နှင့် ကျား/မရေးရာ ကဏ္ဏများအား အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။