လည်ပတ်ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်း နွားထိုးကြီးမြို့နယ်တွင် ပို့ချ

နွားထိုးကြီး မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူးကျင်းပသည့် လည်ပတ်​ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် ကိုးနာရီက အမှတ်(၂) ရပ်ကွက် သီရိအောင်လှိုင်ဓမ္မာဗိမာန်၌ ကျင်းပသည်။



အခမ်းအနားတွင် တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျေးရွာများတွင် လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်စီမံလုပ်ငန်းခွဲများအား စီမံကိန်းပြီးဆုံးသွားသည့်အခါ လုပ်ငန်းခွဲများရည်ရှည်တည်တံ့စေရန်၊ ပိုင်ဆိုင်မှုအသိစိတ်ဓာတ်ပိုမို​မြှင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှုမြှင့်မားလာ​​ေစရန်နှင့် အရေးပေါ်အခြေအနေများတွင် ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ပို့ချကြောင်း မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်က အမှာစကားတွင် ပြောကြားခဲ့သည်။



၎င်းနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းမှ စီမံကိန်းလုပ်ငန်းခွဲများကို ပုံမှန်လည်ပတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်လိုအပ်သည့်နည်းအတူ မိမိတို့၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာ၌လည်း အစဥ်သုံးသပ်၍ ပိုမိုကောင်းမွန်တိုးတက်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကားတွင် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းဆရာသုံးဦးမှ လူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူးများနှင့် စီမံကိန်းဝန်ထမ်းများအပါဝင် စုစုပေါင်း ၆၄ ဦး ကို သင်တန်းပို့ချပေးခဲ့ပါသည်။

သတင်း၊ မှတ်တမ်းပုံ- ထွန်းထွန်းလင်း (နွားထိုးကြီးကျေးလက်)