လူထုဗဟိုပြုစီမံကိန်း ဆရာဖြစ်သင်တန်း- ၁ အမှတ်စဉ်( ၁/ ၂၀၁၈)ဖွင့်ပွဲကျင်းပ

၂၉-၃-၂၀၁၈ နေပြည်တော်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ဆရာဖြစ်သင်တန်း- ၁ အမှတ်စဉ်( ၁/ ၂၀၁၈) (TOT-1) သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၉-၃-၂၀၁၈) ရက်နေ့၊ နံနက်(၀၉းဝ၀) နာရီအချိန်တွင် ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က သင်တန်းဖွင့်ပွဲအမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို မြို့နယ်(၉)မြို့နယ်မှ သင်တန်းသား/သူ (၂၈)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ(၂၉-၃-၂၀၁၈) မှ (၇-၄-၂၀၁၈)အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။