ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးမွမ်းမံသင်တန်းဖွင့်လှစ်

သြဂုတ် ၆ လှိုင်းဘွဲမြို့

          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်လျက်ရှိသော ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ဝေဖန်အကြံပြုစနစ်ကို သိနားလည်ပြီး စီမံကိန်းတွင် အကောင်အထည်ဖော်အသုံးပြုတတ်စေရန်နှင့် တာဝန်ယူမှု/တာဝန်ခံမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးမွမ်းမံသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ (၆.၈.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါသင်တန်းကို လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ ဝေဖန်အကြံပြုတာဝန်ခံ ဦးနန္ဒထွန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ဦးညီညီဇော်တို့မှ ပူးပေါင်းပို့ချခဲ့ကြပါသည်။