စောင့်ကြည့် ကြီးကြပ်ခြင်းနှင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုစနစ် မွမ်းမံ သင်တန်း ကျောက်ကြီးမြို့နယ်တွင် ပို့ချ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သော

လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသော ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ချိန်

စနစ်တစ်ကျ စောင့်ကြပ်ကြီးကြပ်နိုင်စေရန်နှင့် ကောင်ယူထားသော သတင်းအချက်အလက်များကို သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ် (MIS) တွင် စနစ်တစ်ကျ

ဖြည့်သွင်းနိုင်စေရန် လူထုဗဟိုပြု စီမံကိန်း သတ္တမမြောက်နှစ်တွင် အသုံးပြုမည့် မွမ်းမံ ပြင်ဆင်ထားသော ပုံစံများကို နားလည်သိရှိစေရန် ရည်ရွယ်ကာ မြို့နယ်အဆင့်

စောင့်ကြပ်ကြီးကြပ်ခြင်းနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ် မွမ်းမံ သင်တန်းကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချပေးခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိဒးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှုး ဦးအောင်ကိုကိုမှ အဖွင့် အမှာစကားပြောကြားပြီး၊ စီမံကိန်း

တာဝန်ခံ ဒေါ်တင်နီလာဝင်းမှ သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ကျေးရွာအုပ်စု ၇ စုတွင် စီမံကန်း

အကောင်အထည်ဖော်ရန် ခန့်အပ်ထားသော လူထု စည်းရုံးရေးမှူးနှင့် လက်ထောက် နည်းပညာမှူး စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့ပြီး၊ မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး

တိုးတက်ရေး ဦးစီးဌာနမှ စောင့်ကြပ်ကြီးကြပ်ခြင်းနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှု တာဝန်ခံ ဦးရဲသီဟ က ဦးဆောင်ကာ ၂ ရက်တာ ပို့ချပေးသွားမည် ဖြစ်သည်။