ပေါက်မြို့နယ်တွင် လက်ထောက်နည်းပညာမှူးများ စွမ်းဆောင်ရည်မြင့် မွမ်းမံသင်တန်းဖွင့်လှစ်

ပေါက် သြဂုတ်    ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လက်ထောက်နည်းပညာမှူးများအား စွမ်းဆောင်ရည်မြင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပေါက်မြို့နယ် ကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံး ဒုတိယတာဝန်ခံ ဒေါ်ခင်ဇာဝင့်က အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အခြေခံံအဆောက်အဦပိုင်းဆိုင်ရာတာဝန်ခံ ဒေါ်ခင်စန္ဒီကျော်က လက်ထောက်နည်း ပညာမှူးများအား အင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများအား ယခင်ကထပ်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးနှင့် သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံး ဒုတိယ တာဝန်ခံနှင့် ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး အခြေခံအဆောက်အဦပိုင်းဆိုင်ရာ တာဝန်ခံများ၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့များ၊ လက်ထောက်နည်းပညာမှူးများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို(၅)ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268