မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန် လ ၂၇ ရက်



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘောလခဲ- ဖားဆောင်း- မယ်စဲ့မြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)၏ မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားအား (၂၇.၆.၂၀၁၉)ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆည်သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ စီမံကိန်းလုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်း၊ ပန်တိန်းကျေးရွာ အနာဂတ်မျိုးဆက်သစ်ကြယ်ပွင့်အလေးများမှ ကယန်းရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ တောင်ပေါ်ကျေးရွာ လှပျိုဖြူများမှ ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေခြင်း၊ ဘောလခဲ- ဖားဆောင်း- မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများမှ နှလုံးသားထဲကဖွံ့ဖြိုးရေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအား ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ဆုတော်ငွေကျပ်(၅)သောင်းစီ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက်  ဘောလခဲ- ဖားဆောင်း- မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးအောင်ကျော်ဦးမှ စီမံကိန်း တတိယနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက် လာသောဧည့်သည်တော်များမှ သိလိုသည် များအား ပြန်လည်ဖြေကြားခဲ့ပာသည်။ ဆက်လက်၍ တက်ရောက်လာသောဧည့်သည်တော်များ အုပ်စုဖွဲ့ဆွေးနွေးခြင်း ၊ ဂျူရီအဖွဲ့များမှ အကဲဖြတ်အမှတ်ပေးခြင်းဖြင့်ပထမပိုင်းအစီအစဉ်ပြီးမြှောက်ခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ်အနေဖြင့် အုပ်စုဆွေးနွေးထား သော အကြောင်းအရာများ အားပြန်လည်တင်ပြခြင်း၊ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကလောရယ်မှ ဆုရွေးချယ်ခြင်း လုပ်ငန်းစဉ်များအား Power Point ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများကြေငြာခြင်းနှင့်ဆုချီးမြှင့်ခြင်း၊ ဖားဆောင်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးကျော်လင်းအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနားအောင်မြင်စွာပြီးမြှောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGOs,INGOs ၊ ရပ်မိရပ်ဖများ၊ ကော်မတီဝင်များ၊ စီမံကိန်းဝန်ထမ်းများဖြင့် စုစုပေါင်း( ၂၈၀ )ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။