ကျေးရွာ ကွန်ကရစ်ဘောင် သဲကျောက်ခင်းလမ်းဖွင့်ပွဲ ရွှေကူ မြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ရေလဲကျေးရွာအုပ်စု ရေလဲကျေးရွာမှာ ကွန်ကရစ်ဘောင် သဲကျောက်ခင်းလမ်း ၂ လမ်း ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီက အဆိုပါ ကျေးရွာမှာ ကျင်းပကြောင်း သိရပါတယ်။ အဆိုပါ ကွန်ကရစ်ဘောင် သဲကျောက်ခင်းလမ်း ၂ လမ်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ခင်းထားတဲ့ လမ်း ၂ လမ်းကို လှည့်လည် ကြည့်ရှုခဲ့ကြပါတယ်။

 

အဲဒီနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက အမှာစကား ပြောကြားပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးရင်ခိုင်က ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်တဲ့ စီမံကိန်း လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဒုတိယနှစ် စက်ဝန်းမှာ ကွန်ကရစ်ဘောင် သဲကျောက်ခင်းလမ်းကို စည်းစည်းလုံးလုံးနဲ့ အောင်မြင်အောင် ပါဝင်ဆောင်ရွက်ကြတဲ့ ကျေးရွာလူထုအား အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါတယ်။

 

ကွန်ကရစ်ဘောင် သဲကျောက်ခင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကန်း ဒုတိယနှစ် စက်ဝန်း ထောက်ပံ့ငွေများအပြင် ကျေးရွာ လူထု ထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လမ်းခင်းပြီးစီးတာကြောင့် သွားလာရေး အဆင်ပြေတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank