လှိုင်းဘွဲမြို့နယ် အခြေခံ အဆောက်အဦး ဆောက်လုပ်ခြင်း ဆိုင်ရာ မွမ်းမံ သင်တန်းပြုလုပ်

NCDDP’s Refresher Training for Infrastructure Conducted in Hlaingbwe

Kayin, 20 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၀

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် စိုက်ပျိုး​ရေး၊​​ မွေးမြူ​ရေးနှင့် ဆည်​​မြောင်း ဝန်ကြီးဌာန ကျေးလက်​ ဒေသ ဖွံ့ဖြိုး တိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့်​ အကောင်အထည်ဖော် ဆောင်ရွက်​နေ​သော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် အ​ခြေခံ အ​ဆောက်အဦး ဆိုင်ရာ မွမ်းမံ သင်တန်းကို ယမန်နေ့က ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန အစည်းအ​ဝေး ခန်းမ၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာနမှ မြို့နယ် အင်ဂျင်နီယာ အကြံ​ပေး နန်းခိုင်ခင်ဦး၊ ကရင်ပြည်နယ် အင်ဂျင်နီယာ အကြံ​ပေး ဦးအောင်​ကျော်စံနှင့် မြို့နယ် လက်​ထောက် အင်ဂျင်နီယာ အကြံ​ပေးများက လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အရင်းအမြစ် စီစဉ်မှု အစီအစဉ်များ၊ အကာအကွယ် စီစစ်ချက်များ၊ Environmental & Social Safeguards စီစဉ်မှု အစီအစဉ်များ၊ လုပ်ငန်းခွဲများ​ ရေရှည် တည်တံ့ပြီး လည်ပတ် ထိန်းသိမ်း ပြုပြင်ရမည့် စနစ်များအား စနစ်တကျ လိုက်နာကျင့်သုံး တတ်​ရန် စသည်တို့ကို လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး (၃၂) ဦးအား သင်ကြား ပို့ချပေး ခဲ့ပြီး သင်တန်းကို (၂)ရက်ကြာ သင်ကြားပို့ချ ပေးသွားမည် ဖြစ်​ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/25273