လူထုဗဟိုပြု စီမံကိန်း မှ ကော့ကရိတ် မြို့နယ် အုန်းတပင် ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Ohn Ta Pin Village of Kawkareik Kicked Off

Kayin, 23 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေး ဦးစီးဌာန အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့ လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ကော့ကရိတ် မြို့နယ် ကျုံဒိုး ချောင်းဖျား ကျေးရွာ အုပ်စု အုန်းတပင် ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို တော့ ဒီဇင်ဘာ ၂၀ ရက်က စတင်ပြီးတော့ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

အဆိုပါ လမ်းမှာ အရှည်ပေ ၈၇၀၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မရှိပြီး စီမံကိန်းရန်ပုံငွေကျပ် (၁၃၇)သိန်းနဲ့ လူထုဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး ဦးရဲနိုင်ထွန်း၊ လူထု စည်းရုံးရေးမှူး ဦးစောထေးရီတို့၏ အနီးကပ် ကြီးကြပ်မှု၊ ကျေးရွာ ကော်မတီဝင်များ ဦးဆောင်၍ ရပ်ရွာပြည်သူ လူထုတို့၏ ပူးပေါင်း ပါဝင်မှုများနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီးတော့ ၁၀ဝ ရာခိုင်နှုန်း ပြီးစီးပါက ကျေးရွာမှ အိမ်ထောင်စု(၉၈)စု လူဦးရေ (၆၃၉)ဦးတို့ ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ အတွက် သွားလာရေး လွယ်ကူ အဆင်ပြေလာမှာ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ခံထံမှ သိရပါတယ်။

 

သတင်း - ခင်မျိုးဝင်း (ခရိုင်- ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage