ကျောက်ကြီးမြို့နယ် စီမံကိန်းလုပ်ငန်းခွဲတွေကို ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်းက သတင်း ပြန်ကြား ဆက်သွယ်ရေး ဝေဖန် အကြံပြုချက် တိုင်ကြား ဖြေရှင်းရေးနှင့် ကျား-မ ရေးရာ တာဝန်ခံ ဦးဝင်းညီညီလတ်၊ လူထု စည်းရုံးရေးမှူး နော်ဩဂတ်စတီးနားနဲ့ လက်ထောက်နည်းပညာမှူး ဦးကိုကိုမောင်တို့ဟာ မီးတိုင်တော ကျေးရွာ အုပ်စုမှာ ရှိတဲ့ မီးတိုင်တော၊ ကျောင်းစု၊ မြောင်းဦး၊ ကော့ပြင်းနဲ့ အောင်ချမ်းသာ ကျေးရွာတွေမှာ စီမံကိန်း ထောက်ပံ့ငွေကျပ် ၈၂၅ သိန်းနဲ့ ဆောင်ရွက်တဲ့ ရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှုတွေကို အပြီးသတ် ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

 

အဲနောက်မှာတော့ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီးတော့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတွေ၊ ငွေကြေး သုံးစွဲမှုတွေနဲ့ အတိုင်း အတာတွေ ဝယ်ယူရေး လုပ်ငန်းစဉ်တွေကို ကျေးရွာ လူထု အများ ကြည့်ရှု့စစ်ဆေးနိုင်ဖို့အတွက် ကြိုတင် ပြီး ကြော်ငြာသင်ပုန်းမှာ ကပ်ထားဖို့ ကျေးရွာ အတွင်းမှာ လည့်လှည်ပြီးတော့ လော်စပီကာတွေ နဲ့ ကြေညာခြင်း တွေ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank