ပေါက်မြို့နယ် အင်းတောမြောက်ကျေး ရွာ လမ်းဖွင့်ပွဲနှင့်လူထုစစ်ဆေးပွဲ ပြုလုပ်ကျင်းပ

 

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း တတိယစက်ဝန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း ဖွင့်ပွဲကို အင်းတောမြောက်ကျေးရွာ တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၊စီထောက်ကော်မတီနှင့် နည်ပညာအကြံပေး ကျား/ မရေးရာတာဝန်ခံ ဆရာဦးမျိုးဝင်းထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားကို နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး မှအဖွင့်အမှာစကား ပြောကြာခြင်း၊လူထုဗဟိုပြုစီမံကိန် နည်းပညာအကြံပေးအရာရှိ ကျား/မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်း က စိမံကိန်းသဘောတရာများနှင့် ပူးပေါင်းပါဝင်မှူ့အကြောင်းကို ရှင်လင်းပြောကြားခဲ့ပါသည်။

အဆိုပါ ရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းအား လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေကျပ် (၉၀)သိန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မျိုးဝင်းထွန်း

CSAG

ပေါက်မြို့