လူထုဗဟိုပြုစီမံကိန်း ပထမအကြိမ် ပြည်ထောင်စုအဆင့် လူထုစည်းရုံးရေးမှူးများဖိုရမ်ကျင်းပ

၂ရက် ၈လ ၂၀၁၈ နေပြည်တော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ပထမအကြိမ် ပြည်ထောင်စုအဆင့် လူထုစည်းရုံးရေးမှူးများဖိုရမ်ကို (၂-၈-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်  မြို့နယ်များမှ ရရှိလာသော ဆွေးနွေးပွဲရလဒ်များအားတင်ပြရှင်းလင်းခဲ့ပြီး၊တက်ရောက်လာသော မြို့နယ်စည်းရုံးရေးမှူးများမှ အဖွဲ့လိုက်ဆွေးနွေးခဲ့ကြပါသည်။ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြေပြင်တွင်ကွင်းဆင်းလုပ်ဆောင်နေသော လူထုစည်းရုံးရေးမှူးများ၊ လက်ထောက်နည်းပညာမှူးများ၏ အခက်အခဲများ၊မြေပြင်တွင်ရှိသော ပကတိအခြေအနေများကို သိရှိနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းမြို့နယ်(၁၇)မြို့နယ်မှ လူထုစည်းရုံးရေးမှူးများ(၂၀၅)ဦးတက်ရောက်၍ ယင်းဖိုရမ်အား(၂-၈-၂၀၁၈)မှ(၃-၈-၂၀၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။