ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများဖိုရမ်အကြိုအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ဇွန်လ (၃) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော  ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ် ၏ လူထုဗဟိုပြုစီမံကိန်းစည်းရုံးရေးမှူးများ ဖိုရမ်အကြိုအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို  (၃.၇.၂၀၁၉) ရက်နေ့ ၊နံနက် (၉:၃၀) နာရီအချိန်၊ အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး တွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးမှ အဖွင့်အမှာစကားပြောကြားနှင့် ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ နည်းပညာအကြံပေးခေါင်းဆောင်နှင့် သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံတို့မှ မိတ်ဆက်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုအဆင့်မှ သင်တန်းဆရာမများမှ ဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မည့်သည့်ခေါင်းစဉ်များဆွေးနွေးရမည်ကို ရှင်းလင်းပြောကြားပြီး စည်းရုံးရေးမှူးများ ဖိုရမ်အကြို အလုပ်ရုံ ဆွေးနွေးပွဲကို ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် အုပ်စု (၁၁) အုပ်စုဖွဲ့၍ ဆွေးနွေးခဲ့ပါသည်။