အင်္ဂပူမြို့နယ် မဲဇလီကုန်းတွင် Information Campaign ပြုလုပ်

ဧရာဝတီတိုင်း​ ဒေသကြီး၊ အင်္ဂပူမြို့နယ် စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်း မှ ကျင်းပ ပြုလုပ်​သော သတင်း ပြန်ကြား ဆက်သွယ်​ရေး စည်းလုံးလှုံ​ဆော်ရေး ပြခန်း (Information Campaign) ကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ နံနက် (၇:၀၀) မှ နံနက် ၁၀ နာရီတွင် အချိန်ထိ မဲဇလီကုန်း​တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်း​ဒေသကြီး လွှတ်​တော်ဥက္ကဌ ဦးအောင်​ကျော်ခိုင်၊ ဧရာဝတီတိုင်း​ဒေသကြီး​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ တိုင်း​ဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်၊ မြို့နယ် အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်​ကျေးလက်ဦးစီးမှူးနှင့် အခြားမြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်​ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ​ကျေးရွာလူထုများ၊ မြို့​​ပေါ်နေရပ်ကွက်များမှ ကျား- မ၊ က​လေးသူငယ်များကို ကျန်းမာ​ရေးအတွက် အပူချိန်တိုင်းတာခြင်း၊ လက်သန့်​ဆေးများ ​ပေးခြင်းအပြင် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid -19 ကာလအတွင်း ထုတ်ပြန်ထားသည့် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်​သော ​ဆောင်ရန်၊​ ရှောင်ရန် အချက်များ၊ ညွှန်ကြားချက်များအား အသိ​​ပေး​ပြီး၊ လာ​ရောက်သူများအား ​မေတ္တာလက်​ဆောင်အဖြစ် Mask နှာခေါင်းစည်းများ ၊ စီမံကိန်း လက်ကမ်းစာ​စောင်များ၊ Covid-19 ရောဂါအကြောင်း ပညာ​ပေးပိုစတာများ ဖြန့်ဝေပေး ခဲ့ပါသည်။