ထီးလင်းမြို့နယ်အတွင်း လူထုဗဟိုုပြုစီမံကိန်းဖြင့် ကျေးရွာဖွ့ွံဖြိုးရေးလုပ်ငန်း(၁၁၃) ဆောင်ရွက်နေ

ထီးလင်းမြို့နယ်အတွင်း လူထုဗဟိုုပြုစီမံကိန်းဖြင့် ကျေးရွာဖွ့ွံဖြိုးရေးလုပ်ငန်း(၁၁၃) ဆောင်ရွက်နေ

 

မကွေးတိုင်းဒေသကြီးကျေးလက်ဒေသဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အတွင်း လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ကျေးရွာ(၉၃)ရွာမှ ကျေးရွာလူထုက တင်ပြတောင်းဆိုရွေးချယ်ထားသော ကျေးရွာမီးလင်းရေးလုပ်ငန်း (၄၄)ခု၊ စုရပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၁၉)ခု၊ ကျေးရွာလမ်းပြုပြင်ခြင်းလုပ်ငန်း (၁၈)ခု၊ ရေပေးရေးလုပ်ငန်း (၁၂)ခု၊ စာသင်ကျောင်းခြံစည်းရိုးပြုပြင်ခြင်းလုပ်ငန်း ()ခု၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ()ခု၊ ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း ()ခု၊ လမ််းဘေးကျောက်စည်ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်း()ခုနှင့် အားကစားကွင်းတည်ဆောက်ခြင်းလုပ်ငန်း() အများသုံးအိမ်သာ တည်ဆောက်ခြင်း () ခု၊ စုစုပေါင်းစီမံကိန်းလုပ်ငန်းခွဲ (၁၁၃)ခုအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းထံမှ သိရသည်။

          အဆိုပါလုပ်ငန်းများအနက် တိုင်းဒေသကြီး စီမံကိန်းဒုတိယတာဝန်ခံ ဒေါ်ခင်ဇာဝင့် လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) နှင့် အဖွဲ့သည်ယနေ့ နေ့လည်ပိုင်းက အိုင်းမကျေးရွာရှိ ကျေးရွာမြေသားကန် တူဖော်ခြင်းလုပ်ဆောင်ထားမှုများ၊ ဟင်းခွက်ကုန်းကျေးရွာတွင်   ကျေးရွာ စုရပ်ဆောင်တည်ဆောက်နေမှုများ ဝါးရင်းချိုင်ကျေးရွာတို့တွင် စုရပ်ဆောင် တည်ဆောက် နေမှုများကို သွားရောက်စစ်ဆေးကာ လိုအပ်ချက်များကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားကြောင်း သတင်းရရှိသည်။

စိုးမိုးကျော်