လူထုဗဟိုပြုစီမံကိန်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက် လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)  မတ်လ(၈)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (International Women's Day Campaign ) အား ၆.၃.၂၀၁၈ ရက်နေ့တွင်  နံနက် (၉း၀၀)နာရီတွင် မြို့နယ်ခန်းမတွင် ကျင်းပခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အများပြည်သူလူထု ပိုမိုသိရှိလာစေရန် ၊ လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်လျှက်ရှိသော ကျား- မ ရေးရာ ဆောင်ရွက်ချက်များသိရှိလာစေရန်၊ စီမံကိန်းအမျိုးသမီးများလက်တွေ့ဆောင်ရွက်ချက်များ၊အောင်မြင်မှုများ၊သိရှိလာပြီး အချင်းချင်းနှီးနှောဖလှယ်နိုင်မှု နှင့် ချိတ်ဆက်မှုပိုမို အားကောင်းလာစေရန်ရည်ရွယ်ပါသည်။

အဆိုပါအခမ်းအနားတွင် ဆီဆိုင်မြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဦးအုန်းလွင်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး ၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးခွန်မြင့်သောင်းမှ လူထုဗဟိုပြုစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူအသီးသီးစီမှ ပြောကြားခဲ့ကြပါသည်။ ထိုနောက် ကျေးရွာ စီမံကိန်းအထောက်အကူပြုကော်မတီ အမျိုးသမီးများမှ စီမံကိန်းလုပ်ငန်းတွင် အမျိုးသမီးများ လက်တွေ့ပါဝင် ဆောင်ရွက်ခြင်းဖြင့်ကြုံတွေ့ရသော အခက်အခဲများ၊ အောင်မြင်မှုများအား  တင်ပြဆွေးနွေးခြင်း၊တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခြင်း နှင့် မှတ်တမ်းဓါတ်ပုံပြခန်း များကြည့်ရှုခဲ့ကြပါသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းများ၊ NGOs ၊CSOs  အဖွဲ့အစည်းများ ၊လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများ စုစုပေါင်း ( ၁၆၀   )တက်ရောက်ခဲ့ကြပါသည်။