လူထုစစ်ဆေးပွဲအခမ်းအနားတက်ရောက်ခြင်းနှင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

 

ပေါင်ဧပြီ၉

ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းလူထုစစ်ဆေးပွဲအခမ်းအနားကိုဧပြီလ၉ရက်နေ့ကအလှပ်ကျေးရွာအုပ်စု၊တောင်ပိုင်းကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။အခမ်းအနားသို့မြို့နယ်ဦးစီးမှူးဦးကျော်ကျော်လတ်နှင့်စီမံကိန်းတာဝန်ရှိသူများတက်ရောက်ခဲ့သည်။အဆိုပါအခမ်းအနားတွင်မြို့နယ်ဦးစီးမှူးမှအမှာစကားပြောကြားပြီးကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုညှိနှိုင်းဆောင်ရွက်ကြသည်။

ထို့နောက်မြို့နယ်ဦးစီးမှူးနှင့်စီမံကိန်းတာဝန်ရှိသူများသည်လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းတွင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသောသဲဖြူချောင်းကျေးရွာစာသင်ကျောင်းဆောင်ဆောက်လုပ်နေမှုအခြေအနေ၊ကော့ပလိန်းကျွန်းကျေးရွာ၊ဒရိန်းကျေးရွာ၊မြလေးချောင်ကျေးရွာတို့တွင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ကွန်ကရစ်တံတားနှင့်ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းတို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုညှိနှိုုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။